ကြယ်စင်မျက်လုံး အပြုံးမျက်နှာ
Translate
Tuesday, 21 January 2014
အရိပ်
အရိပ်
တိတ်တဆိတ်လေးပါပဲ...
ဘယ်သူမှ မသိသေး
ဘယ်သူမှ မရှိသေးတဲ့
ရင်ခွင်ကို အဆင်သင့်
ခင်းကျင်းထားခဲ့တာ
သူနားခိုဖို့အတွက်ပေါ့...
အကြိမ်ကြိမ်အခါခါဆုံးဖြတ်ပြီး
သေသေချာချာ ချစ်ပစ်ဖို့
ဘယ်အရာကိုမှ မမှုခဲ့သူပါ
ရေမကူးတတ်တော့လဲ
ရေတိမ်မှာနစ်တာ စာမဖွဲ့လောက်ဘူး...
ဆိတ်တွေ ရေကူးနေသလိုပေါ့
ငါလဲ စိတ်ကူးကြည့်ဖူးတယ်
ဘယ်အရာက ယစ်မူးစေခဲ့တာလဲ
ထူးထူးခြားခြား မရှိခဲ့ပေမယ့်
ဦးဦးဖျားဖျား ချစ်ခဲ့ဖူးသူပါပဲ...
သူ ခိုင်းရာစေ
သူ စေရာသွား မဟုတ်ပေမယ့်
သူ သွားရာနေ
သူ့ ခြေရာများ အနောက်မှာ
တကောက်ကောက်လိုက်ရတဲ့ အရိပ်လေးပါ
အခုတော့လဲ မှောင်မှာကိုကြောက်နေခဲ့ပြီ...
အလွမ်းဓာတ်ခံ နှလုံးသားအတွက်
အလွမ်းသံစဉ်တွေ ရပ်တန့်ပေးပါ
အဆွေးဓာတ်ခံ နှလုံးသားအတွက်
မိုးမင်းကြီးရယ် မိုးကိုရပ်တန့်ပေးပါ
အချစ်ငတ်နေတဲ့ နှလုံးသားအတွက်
အမုန်းစကားတွေ ရပ်တန့်ပေးပါ
ဝေးစရာမရှိရအောင် မမှောင်နိုင်တဲ့
အတွေးကမ္ဘာမှာ ခစားပါ
မတည်မြဲတဲ့ လောကကြီးအတွက်
တည်မြဲနိုင်တဲ့ သူ့ရဲ့အရိပ်လေးဖြစ်ပါရစေဘုရား...
"မင်းကိုချစ်တဲ့သူ"
1 comment:
အန္နဝါ ကလောင်ရှင်လေး မိုင်ဟေ မာန်
22 January 2014 at 02:46
ကဗျာလေးက သိပ်ကောင်းပါတယ် အားပေးသွားပါတယ်နော်
Reply
Delete
Replies
Reply
Add comment
Load more...
Newer Post
Home
Subscribe to:
Post Comments (Atom)
ကဗျာလေးက သိပ်ကောင်းပါတယ် အားပေးသွားပါတယ်နော်
ReplyDelete